ဘူးသီးတောင် သြဂုတ် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက လမ်းမတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၊ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းနှင့် ရန်အောင်မြေ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့သို့လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်က တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာ သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့်အမှီ အခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့် ပြည်နယ်များတွင်လည်း တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများမိမိနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကို ပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)