ပေါက်ခေါင်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program ရေးသွင်းခြင်း ဆောင်ရွက်သည့်လုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ (၄၂.၃၉) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ ရေးသွင်းခြင်း စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း(၃၈၄၃၅)ရှိပြီး၊ ယနေ့အထိ အိမ်ထောင်စုပေါင်း (၁၆၂၉၂)စု စာရင်းဖြည့်သွင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်း ပုစံ(၆၆/၆)အချက်အလက်များ Software Program ဖြင့် ရေးသွင်းခြင်းလုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းအင်အား(၄၀)ဦးက နေ့/ည အချိန်(၂)ပိုင်းခွဲ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်