နတ်တလင်းမြို့နယ်၌ ဘေးတစ်ဖက်တစ်ချပ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နတ်တလင်း သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကန်ကြီးလမ်း ဘေးတစ်ဖက်တစ်ချပ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့  သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း ဘေးတစ်ဖက်တစ်ချပ် ချဲ့ခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၂၀၅.၇ သိန်းဖြင့် ဘေးတစ်ဖက်တစ်ချပ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း အရှည် ၈၈၀ ပေ၊ အကျယ် တစ်ဖက် ၄ပေ၊ ထု ၈ လက်မ ဖြင့်  ZCH Construction ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး