သာယာဝတီ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးမျှော်မှန်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မြို့နယ် အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏(၇၉)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆၉)စုတွင် နှစ်စဉ်မိုးစပါးစိုက်ပျိုးလျက်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်အတွင်း မိုးစပါးဧက (၁၀၃၆၅၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး၊ လက်ရှိအချိန်အထိ စပါးပျိုးထောင်ပြီးစီးမှု (၁၃၁)ဧကနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ (င၈၁၂၇) ဧကရှိပြီးဖြစ်သည့်အတွက် ယခုနှစ်လျာထားဧက၏ (၇၉) ရာခိုင်နှုန်းကို စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း ကျန်ရှိသည့်စိုက်ဧကများကို အချိန်မီစိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်