သဲကုန်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဲကုန်းမြို့မဈေး မြို့တွင်းနှင့်ရပ်ကွက်များရှိ အလှကုန်နှင့် စတိုးဆိုင်များ ရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန် အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များသည် မြို့မဈေးတွင်းနှင့်ရပ်ကွက်ရှိ အလှကုန်နှင့် စတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေး အမျိုးမျိုးစသည့် ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများနှင့် လိုဂိုရောင်ပြန်တံဆိပ်များ ရိုက်နှိပ်ထားခြင်း ရှိ/မရှိ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဈေးဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်