ရွှေတောင် သြဂုတ် ၃
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို မြို့နယ်ကျန်းမာရေးဌာန၊ ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစ အရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ဆေးများ ထိုးနှံ /တိုက်ကျွေးပေးခြင်း ဖြစ်သည်။ ကလေးများအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် မကျန်ရှိစေရေးအတွက်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နှိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးများအား လစဉ် ပထမအပတ်အတွင်း ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်မိခင်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)