ငပုတောမြို့နယ်တွင် မိုးစပါး (၁၆၃၈၁၀ ) ဧက စိုက်ပျိုးပြီးစီး

ငပုတော သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆန်စပါး ဖူလုံပိုလျှံ​ရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါး (၂၀၄၁၂၂) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ (၁၆၃၈၁၀)ဧက စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စပါးသီးနှံများ စိုက်ပျိုးရာတွင် ငပုတောမြို့နယ်၌ ကျေးရွာအုပ်စု (၈၃)အုပ်စုတွင် (၂၀၄၁၂၂) ဧက၊ ငရုတ်ကောင်း မြို့ကျေးရွာ (၁၁)အုပ်စုတွင် (၁၄၀၂၃)ဧက၊ ဟိုင်းကြီးကျွန်းမြို့ကျေးရွာ (၂၂)အုပ်စုတွင် (၄၇၀၆၇)ဧကဖြစ်ပြီး စုစု​ပေါင်း  မိုးစပါး (၂၆၅၂၁၂)ဧက စိုက်ပျိုးသွားမည်ဖြစ် သည်။

ငပုတောမြို့နယ်အနေဖြင့် မနေသုခ၊ ဧရာမင်း၊ ပေါ်ဆန်းယဉ်၊ သီးထပ်ယဉ်၊ ဆင်းသွယ်လတ်၊ ပေါ်ဆန်းမွှေးနှင့် ဆင်းသုခစပါးမျိုးများကို အဓိကထား၍ တိုက်ရိုက်အစေ့ချနည်း၊ ပျိုးထောင်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးသွား မည်​ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်ထံမှ သိရသည်။

အောင်သူ (ငပုတော)