ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကျောင်းသား/သူများအား အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မောင်တော ဩဂုတ် ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  အခြေခံပညာအထက်တန်း (၄)မိုင် ကျောင်းရှိ ကျောင်းသား / သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ရုံးမှ ဝန်ထမ်းများက အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ခဲ့သော အခြေခံပညာ အထက်တန်း ကျောင်း (၄)မိုင် ရှိ ကျောင်းသား (၄၅) ဦးနှင့် ကျောင်းသူ(၅၇)ဦး စုစုပေါင်းလူဦးရေ (၁၀၂)ဦးအား အသက် (၁၀) နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်မည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက် ထုတ်ပေးခြင်းများကို ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီး၊ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ကွင်းဆင်း ဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်၊ ပြန်/ဆက်)