တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

တောင်တွင်းကြီး ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တရုတ်‌ကောအုပ်စု၊ သဖန်းကုန်းကျေးရွာ ရွာအဝင် ကျောက်ချောမြေနီလမ်း‌ လမ်းဘေးဝဲယာရှိ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသည့်အမှိုက်များနှင့် သစ်ပစ်ခြုံနွယ်များအား စက်ယန္တရားဖြင့် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဖန်းကုန်းကျေးရွာ အမှတ်(၁၁၉) မူလတန်းလွန်ကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန တရုတ်ကောမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊‌ ရေစီးရေလာကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသည့်အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ ​ ရှင်းလင်းခြင်းလုပ်ငန်းများကို စက်ယန္တရားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စက်ယန္တရားကြီးဖြင့်ဖော်ထုတ် ရှင်းလင်းခြင်းဖြစ်ပြီး  ရွာအတွင်း စက်ယန္တရား မဝင်နိုင်သည့် လူနေထူထပ်သည့်နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)