တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

တမူး သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လ(၂)ရက်နေ့ နံနက် (၈) နာရီ အချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင်အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင်အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။

အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို သြဂုတ်လ (၁)ရက်နေ့မှစ၍ (၃)ရက်နေ့ထိ ထိုးနှံတိုက်ကျွေးမည်ဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်ကျင့်လမ်းကျိန်ထံမှ သိရသည်။

ရတနာ