သီပေါ ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက (၂၃)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက မြို့နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ပါ ကော်မတီများအလိုက် ကော်မတီဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအလိုက်လိုအပ်သည်များ တင်ပြဆွေးနွေးကြစေလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက မြို့နယ်အဆင့် အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဦးရေ(၃၀)ဦး၊ အကပြိုင်ပွဲတွင်ပြိုင်ပွဲဝင်ဦးရေ(၇)ဦး၊ စုစုပေါင်း(၃၇)ဦး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်များမှ ပထမဆုနှင့် ဒုတိယဆု ရရှိသူများအား မြို့နယ်မှဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမဆုရရှိသူများမှ ခရိုင်အဆင့်ပြိုင်ပွဲတွင်ဆက်လက် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အဆင့်ပြိုင်ပွဲအား ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြညီလာခန်းမတွင် နံနက်(၉)နာရီအချိန်မှ စတင်ကျင်းပရန် ဆောင်ရွက်ထားရှိကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကော်မတီဝင်များက လိုအပ်သည့်လုပ်ငန်းကိစ္စများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)