မင်းတုန်း ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆွေးနွေးခဲ့သည်။
ထို့နောက် ဌာနဆိုင်အကြီးအကဲများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)