ပုလော ဩဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီက ပုလောမြို့နယ် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များ အနေဖြင့်မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ရာနှုန်းပြည့် အောင်မြင်ရေးအတွက် အကျင့်စာရိတ္တသည် အရေ းကြီးကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်ကြိုးစားနေရမည် ဖြစ်ကြောင်းနှင့် ထူးချွန်ထက်မြက်သော လူငယ်များဖြစ်လာစေရန် မိမိတို့၏ ကျောင်းစာအပြင် အသိပညာ ဗဟုသုတတိုးပွားစေနိုင်မည့် သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများအား စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီးဆုရရှိသူများကိုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသိပညာပေးနံရံကပ် စာစောင်များ၊ သူတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)