နတ်မောက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စည်းရုံးရေးကော်မတီ ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သွေးတိုးရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးဆွေးနွေးခဲ့သည်။ ထို့နောက် ဒု-ဦးစီးမှူး ဒေါ်နှင်းသီရိက ကမ္ဘာမြေကြီးလှပရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်ဝင်းသန္တာစိုးက မိုးဦးကာလနှင့် မှိုအဆိပ်သင့်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း