ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာအထက်တန်းကျောင်း(၄)မိုင်ရှိ ကျောင်းသား/သူများအား အဆင့်(၂)ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ထုတ်ပေး

မောင်တော  ဩဂုတ်  ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  အခြေခံပညာအထက်တန်း (၄)မိုင် ကျောင်းရှိ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ရုံးမှ ဝန်ထမ်းများက အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အခြေခံပညာအထက်တန်းကျောင်း (၄)မိုင်ရှိ ကျောင်းသား (၄၅) ဦးနှင့် ကျောင်းသူ(၅၇)ဦး  စုစုပေါင်းလူဦးရေ (၁၀၂)ဦးအား အသက် (၁၀) နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်မည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ထုတ်ပေးခြင်းများကို ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)