မိုင်းကိုင် ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှ လွိုင်လင်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မိမိတို့မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ပြိုင်ပွဲဝင်ဦးရေ ရွေးချယ်ခြင်း၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အမျိုးအစားနှင့် လေ့ကျင့်သင်ကြားပေးမှု၊ ဝါသနာ ရှင်များ ဖိတ်ခေါ်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများကို ချပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက ယခင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊က၊ရေး၊တီး ပြိုင်ပွဲကျင်းပခဲ့သည့် အခြေအနေများနှင့် ပြိုင်ပွဲဝင်နိုင်ရေး ဆက်လက်ဆောင်ရွက် ရမည့် အစီအမံများကို ပြန်လည်ဆွေးနွေးတင်ပြကြသည်။
အဆိုပါအစည်းအဝေးတွင် မိုင်းကိုင်မြို့နယ်မှ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊က၊ရေး၊တီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ အခြေခံပညာ (အသက် ၁၀ မှ ၁၅ နှစ်အတွင်း) နှင့် အခြေခံပညာ (အသက် ၁၅ မှ ၂၀ နှစ် အတွင်း) အကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်