ကန်ကြီးထောင့် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကန်ကြီးထောင့်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် “အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး” ခေါင်းစဉ်ဖြင့် သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၁ နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် လက်ထောက်ပညာရေးမှူး ဦးရဲနိုင်က ဟောပြောပွဲ ဆောင်ရွတ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းဟန်က ကျောင်းသား၊ ကျောင်းသူကလေးများကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေးနှင့် အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးရည်ရွယ်၍ အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်၊ အမှိုက်အမျိုးအစားများ၊ အမှိုက်စိုနှင့်အမှိုက် ခြောက်ခွဲခြားထားပုံ၊ အမှိုက်ကမှတဆင့် ရောဂါများရရှိနိုင်ပုံများ၊ အမှိုက်အမျိုးအစား အလိုက်ဆွေးမြေ့ရန် ကြာမြင့်မှု သက်တမ်းများ၊ ပလတ်စတစ်လျော့ချစေရေး ပြုမူဆောင်ရွတ် လိုက်နာရမည့်အချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေး ခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသိပညာပေးစာအုပ်နှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ရွာတခွင် သန့်ရှင်းသာယာလှပစေရေး အတွက် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် အမှိုက်ကင်းစင်ရေးအတွက် အသိပညာပေး ဟောပြောပွဲများ လိုက်လံဆောင်ရွတ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းလုပ်ငန်းများအား လိုက်လံဆောင်ရွတ်လျက်ရှိကြောင်း သိရသည်။
မဇင်
ကန်ကြီးထောင့်(ပြန်/ဆက်)