ရွှေတောင် သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်ကျေးရွာ ရန်ကုန်-ပြည်လမ်း ဆင်မကြပ်လမ်းဆုံတွင် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ် ရဲတပ်ဖွဲ့မှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နွားမယံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု (၁၃)မှတပ်ကြပ်ကြီးတင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဆင်မကြပ် စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ကျော်ဇင်လင်းနှင့်အဖွဲ့ဝင်တို့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း ဆိုင်ကယ် စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော်ယာဉ်(၅၅)စီး၊ သုံးဘီးမော်တော်ယာဉ်(၇)၊ မီနီအိုးဝေ (၃)စီး၊ မော်တော် ဆိုင်ကယ်(၁၁၃)စီးတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း