မြောက်ဦး ဩဂုတ် ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ (၃) ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲထက်စိုး၊ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်တို့ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ပြီးနောက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှလည်း ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရ သွားခြင်း၊ အစာနင်ခြင်းများ၊ အရေးပေါ် ကျန်းမာရေးပြသာနာတစ်ခုခုကြောင့် ကြုံရလျှင် ဆေးကု သမှုမခံနိုင်ခင်ကာလ အသက်အန္တရာယ်ရှိတတ်သော အခြေအနေကို ရှေးဦးပြုစုနည်းဖြင့် လက် တွေ့ သရုပ်ဖော်ပြခြင်းများ ပြုလုပ် ပြသလျက်ရှိကြောင်းသိ ရသည်။
ထိုသို့ သဘဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦး စီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ ဆောင်ရန် ရှောင်ရန်အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)