ဂွမြို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တံတားအမှတ် (၃/၇၈) ရှော်ဖြူတောင်တံတား ပြင်ဆင်နေမှုအား ကွင်းဆင်းစစ်ဆေး

ဂွ သြဂုတ် ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သံတွဲ-ဂွလမ်းပေါ်ရှိ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာအထွက် မိုင်တိုင်အမှတ် (၇၇/၄နှင့်၇၇/၅)ကြားရှိ တံတားအမှတ်(၃/၇၈) ရှော်ဖြူတောင်တံတား (၆၀)ပေသည် Transom၊ Stringer၊ သစ်သားကြမ်းခင်းများ ကြံခိုင်မှုအားနည်း၍ ယာဉ်များ ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သဖြင့် သြဂုတ်လ (၁)ရက်နေ့မှ သြဂုတ်လ(၃)ရက်နေ့အထိ နံနက်၀၈း၀၀မှ ညနေ၁၈၀၀ထိ ခေတ္တပိတ်၍ စတင်ပြင်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ယာဉ်ပိတ်ဆို့မှု မကြန့်ကြာစေရေးနှင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်