ဆိပ်ဖြူမြို့နယ်တွင် World Children's Picture Contest ပန်းချီပြိုင်ပွဲ ကျင်းပ  

ဆိပ်ဖြူ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်  World Children's Picture Contest ပန်းချီပြိုင်ပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲကို ဂျပန်နိုင်ငံ The Japanese national agricultural cooperative organization ၏အဖွဲ့ဝင်တစ်ခုဖြစ်သည့် IE – NO – HIKARI ASSOCIATION မှကြီးမှူး၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပညာရေး ၊ ယဉ်ကျေးမှု ၊ အားကစား၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတို့၏ ပံ့ပိုးကူညီမှုများဖြင့် World Children's Picture Contest ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း၊ မြို့နယ်အဆင့် World Children's Picture Contest ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ်၍  အခြေခံပညာကျောင်းအသီးသီးမှ အသက်(၆) နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ(၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးလျှင် ပန်းချီကားတစ်ချပ်စီ ယှဉ်ပြိုင်ခွင့်ရှိပြီး ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများ၏ အကောင်ဆုံး ပန်းချီကားနှစ်ချပ်ကို စိစစ်ရွေးချယ်၍ ခရိုင်အဆင့်သို့ ပေးပို့ ပြိုင်ပွဲဝင်ရမှာဖြစ်ကြောင်း၊ ခရိုင်အဆင့်မှ ထပ်မံရွေးချယ်၍ တိုင်းဒေသကြီးအဆင့် ဆက်လက် ပြိုင်ပွဲဝင်ရောက်ရမှာဖြစ်ကြောင်း World Children's Picture Contest ပန်းချီပြိုင်ပွဲကို ကလေးသူငယ်များ၏ စိတ်ကူးစိတ်သန်းများဖြင့် ပြိုင်ပွဲအမျိုးအစား နှစ် မျိုးရှိသည့်အနက် စိတ်ကြိုက်တစ်မျိုးစီသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြား သိရှိရသည်။

စိုးလင်းနိုင်(IPRD)