ကျောက်တံတားမြို့နယ်တွင် E-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရေးသွင်းခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတား ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် E-IDစနစ်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ စာရင်းများကို software  programs တွင် ရေးသွင်းခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်က မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်မှ အိမ်ထောင်စုလူဦး‌ရေစာရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီပြီးစီး‌အောင်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ယခုလိုအစည်းအ‌ဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်စိုးကလာမည့်ရွေးကောက်ပွဲတွင် သန့်ရှင်းသည့်အစိုးရကို အာဏာလွှဲပေးနိုင်ရန်ရည်ရွယ်၍ မဲပေးရာတွင် အိမ်ထောင်စုလူဦးရေ (၂)ကြိမ်မထပ်စေရန် မိမိတို့ဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး‌ နေ့စဉ်နံနက် ၉:၃၀ အချိန်မှ ညနေ ၅:၀၀ အချိန်အထိ E-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေပုံစံ ၆၆/၆စာရင်းများကို software programs တွင် ရေးသွင်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့စာရင်း ရေးသွင်းရာတွင် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးဆောင်ရွက်နိုင်ရန် software ရေးသွင်း ရာတွင် VPN နှင့် ချိတ်ဆက်ရာ၌ အခက်အခဲမရှိစေရေးအတွက် အင်တာနက် တိုးမြှင့်ရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများမှလည်း အကြံပြု‌ဆွေးနွေးလိုစေကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

ရွှေဇင်ခိုင်