ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ဒိုက်ဦး သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်ခရိုင်၊  ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးရှေ့၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGOများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့များက စျေးရောင်းချသူများ၊ စျေးသွားစျေးလာများအား Mask များ ဝေငှပြီးပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊  လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး  ခပ်ခွာခွာ နေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင်မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးရှေ့နှင့် ဒရယ်မီးလမ်းဆုံတို့၌ Mask များဝေငှခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)