ပဲခူး ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ဝန်ထမ်းမိသားစုများမှ(ဒွါဒဿမ)အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့၊ သာသနာ့လင်းရောင်ကြည် စာသင်တိုက်ရှိ စိတ္တသုခဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဝန်ထမ်းမိသားစုများမှ သာသနာ့လင်းရောင်ကြည် စာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိဿရ (မြို့နယ် သံဃမဟာ နာယက) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များမှ မေတ္တာသုတ်ဒေသနာကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တိုင်းစည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများသည် သာသနာ့လင်းရောင်ကြည် စာသင်တိုက် ပဓာန နာယကဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှပေးဝေ ခဲ့ကြကာ သာသနာ့လင်းရောင်ကြည်စာသင်တိုက် ပဓာနနာယကဆရာတော်အား အမှူးထား၍ သံဃာတော်၊ အရှင်သူမြတ် (၇၀)ပါးတို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်