ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

ပေါင်းတည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်းအဖွဲ့မှ Mask Campaign နှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၈နာရီက လူသွားလူလာစည်ကားသည့် ဘုရားကြီးလမ်းတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အကြောင်း အမျိုးမျိုးကြောင့် အပြင်သို့သွားလာနေသူ ပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း အိုမီခရွန် မျိုးကွဲ BA 4 နှင့်BA 5 ရောဂါပိုး ကူးစက်မှုနိုင်ငံအတွင်းရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယလက္ခဏာရောဂါရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနတွင်ပြသ၍ ဆေးကုသမှုခံယူရန်စသည်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask များ ဝေငှပေးပြီး စနစ်တကျတပ်ဆင်ပြီးမှ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

အေးအေးဆင့်