ပေါင်းတည်မြို့နယ် ကြို့ပင်သာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပေါင်းတည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကြို့ပင်သာကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက် ၁၈ နှစ် အထက်ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ကြို့ပင်သာကျေးရွာအုပ်စု ကျွဲတဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးထိုးစုရပ်တွင် ယနေ့ နံနက် ၉ နာရီက အသက်(၁၈)နှစ်အထက် ပြည်သူ ၄၀ ဦးအား ဒုတိယအကြိမ် (COVIDSHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်းကောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သည့် ပြည်သူ (၆၀) ဦးအား Booster Dose ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကြို့ပင်သာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ ၈ ရွာပါဝင်ပြီး အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ၄၅၂၇ ဦးရှိပြီး ပထမအကြိမ်ထိုးနှံပြီးသူ ၄၄၆၅ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၄၃၁၃ ဦးနှင့် Booster Dose ထိုးပြီးသူ ၉၆၈ ဦးရှိကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)