ပန်းတနော်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပန်းတနော် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ပန်းတနော်မြို့နယ်ရွှေမြင်တင်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ်ရွှေမြင်တင်ကျေးရွာရှိ နေအိမ်၏ မီးဖို မီးကြွင်းမီးကျန်မှ ဘေးထရံသို့ ကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများက မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲခဲ့သူအား ပန်းတနော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)