ဖျာပုံမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

                                                                                                                                 ဖျာပုံ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင်( ၄)ဘာသာဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖျာပုံမြို့ အထက-၂ ကျောင်း ရတနာခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဖျာပုံမြို့ အထက- ၄ ကျောင်းသား/ ကျောင်းသူများ က "မြန်မာ့ကျောင်း" သီချင်းဖြင့်ဖျော်ဖြေကြပြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၄) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၃၀) ဦးအား၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ခရိုင်ပညာရေးမှူး ဆရာမကြီးတို့က တစ်ဘာသာလျှင် (၅)သောင်းကျပ်နှုန်းနှင့် ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွာတို့အား ပေးအပ်ချီးမြှင့်ကြရာ (၄) ဘာသာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားနောက်မီးအထကမှ (၄) ဘာသာဂုဏ်ထူးရှင် မောင်သီဟနိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဖျာပုံမြို့ အထက-၃ ကျောင်းသား၊ ကျောင်းသူများမှ"ဇာတိမာန်"သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။ ဖျာပုံခရိုင်အတွင်း ( ၆) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၄)ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဘာသာလျင်(၅) သောင်းကျပ် နှုန်းဖြင့် ဂုဏ်ပြုဆုချီးမြှင့်​ပေးအပ်ပြီးဖြစ်ရာ ဖျာပုံခရိုင်အနေဖြင့်ကျန် ရှိနေသော ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲ တွင်(၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၃၀) ဦးအား ယခုကဲ့သို့ ဆက်လက်ဂုဏ်ပြုချီမြှင့် ပေးခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် ပညာရေးမှူး ရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်၊ပြန်/ဆက်)