ဒိုက်ဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သောတောင်သူများအား ဓါတ်မြေသြဇာအိတ်များရောင်းချပေး

ဒိုက်ဦး ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သော တောင်သူများအားဓါတ်မြေသြဇာအိတ်များအား တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသိုလှောင်ရုံ၌ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင်၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးခဲ့သောကျေးရွာအုပ်စု ၁၇ အုပ်စုမှ စိုက်ပျိုး ဧက ၁၉၄၄ ဧကအတွက်၂ ဧကလျှင် ၁ အိတ်နှုန်းဖြင့်တစ်အိတ်လျှင် ၃၂၅၀၀ ကျပ်နှုန်းနှင့် ၉၇၂ အိတ်အားရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် မြေသြဇာဖြန့်ဖြူးရေးကော်မတီမှတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)