ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်

ဝက်လက် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ ကနှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာလာပါက၊ နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် (၇)နာရီ အချိန်က မြို့အလယ် လူစည်ကားရာ နာရီစင်အနီးတွင် လမ်းသွားလမ်းလာ၊ခရီးသွားပြည်သူများကို အသိ ပညာပေး ဆောင်ရွက်ကြသည်။

နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာပေးရာတွင် လူတစ်ဦဂလျှင် နှာခေါင်းစည်း (၅) ခု ဝယ်​စေကာ၊ တစ်ခုလျှင် (၁၀၀ဝိ/) နှုန်ဖြင့် အခုဝယ် အခုတပ်စေကာ အသိပညာပေး လုပ်ငန်း များ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ နှာစည်းများတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို သြဂုတ်လ (၃၁) ရက်နေ့ မှ စတင်၍ ယနေ့အထိ နေ့စဉ်မြို့၏ လူစည်းကားရာ နေရာများတွင် ပြုလုပ်ကြကြောင်း သိရသည်။ အသံချဲ့စက်ဖြင့်လည်း ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်၊ အသိပညာပေး ပြောကြားခြင်းများလည်း အရှိန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်းလည်း သိရှိရသည်။

 စိုးစိုးလှိုင် (ဝက်လက်)