လွိုင်ကော် ဇူလိုင် ၃၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်းရှိ အမှိုက်များအားရှင်းလင်းခြင်း ၊ အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်ပေါက်ပွားမှုမရှိရေးအတွက် ခြုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းလုပ်ငန်းများအား ပြည်သူများ၏ ကျန်းမာရေးကိုတစ်ဖက်တစ်လမ်းမှ စောင့်ရှောက်ပေးနိုင်ရေးအတွက် စုပေါင်း သန့်ရှင်းရေးကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)