စစ်ကိုင်း စက်တင်ဘာ ၁၁
စစ်ကိုင်းမြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် အုန်းတော တိုက်နယ်တာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့်သူများ၏မည်စာရင်းများ ကျန်ရှိမှုမဖြစ် ပေါ်စေရေး အတွက် ယမန်နေ့ နံနက်(၁၀)နာရီက နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်ကို သိရသည်။
ရှေးဦးစွာ စစ်ကိုင်းမြို့နယ် အုန်းတောတိုက်နယ်တာဝန်ခံ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်မျိုးကျော်နှင့်အဖွဲ့သည် အုန်းတော ကျေးရွာ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်လည်းကောင်း၊ နတ်ခရိုင်ကျေးရွာ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တွင်လည်းကောင်း၊ ပန်းချီကျေးရွာ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လည်းကောင်း၊ ရှမ်းတပ်ကျေးရွာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လည်းကောင်း တာဝန်ခံများနှင့် တွေ့ဆုံကာ ကျေးရွာများမှာ မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ၏ အမည် စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေး၊ မဲဆန္ဒရှင်များ၏ အမည်စာရင်းများ မှန်ကန်ရေးတို့အတွက် မိမိတို့နှင့် သက်ဆိုင်ရာနယ်မြေများအလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျတစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ကြစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)