တနင်္သာရီ၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန်အတွက် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက ယမန်နေ့က သကျက်ကျေးရွာအုပ်စုနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်းမှ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သည့် ကျေးရွာစာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြေပြင်အမှန်”စံ”(၅)ချက်နှင့်ညီသောစာကြည့်တိုက်များ၊ ”စံ”(၅)ချက်နှင့်မညီသော်လည်း ရှင်သန်အောင်မြင်နေသော စာကြည့်တိုက်တို့အတွက် အမှန်တကယ်လိုအပ်နေသော ပရိဘောဂ/စာအုပ်နှင့်အခြားလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ညွှန်ကြားချက်နှင့်အညီ မြေပြင်ရှိအခြေအနေအမှန်ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြန်လည်တင်ပြနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ မြို့နယ်ပြန်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးရာတွင် သကျက်ကျေးရွာအုပ်စုတွင် (၆) မိုင်ကျေးရွာရှိ “တက်သစ်စ”စာကြည့်တိုက်၊ သကျက်ကျေးရွာရှိ “ပွင့်သစ်စ”စာကြည့်တိုက်နှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု-ညောင်ပင်ကွင်းအရှေ့ရွာ“နယူးလိုက်(ဖ်)”စာကြည့်တိုက်တို့အား စစ်ဆေးခြင်းဆောင်ရွက်ရာ၌ သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အုပ် ချုပ်ရေးမှူးတို့နှင့်တွေ့ဆုံ၍ "စံ"ညီစာကြည့်တိုက်အဖြစ်ရှင်သန်နို်ငရန် ၎င်းစာကြည့်တိုက်မှာအမှန်တကယ်လိုအပ်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)