မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၂) ပြုလုပ်

မကွေး     ဇူလိုင်     ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၂) ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လုံခြုံရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စစ်ဆေးရးဂိတ်များတွင် LPRS (License Plafe Recongnition System) စနစ်ကို အသုံးပြုပြီး မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ ယာဉ်များအား အချိန်နှင့်တစ်ပြေးညီ စိစစ်ဖော်ထုတ်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  တရားမဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများ လစဉ်ဖမ်းဆီးအရေး ယူဆောင်ရွက် သွားရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်အဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ကျောင်းများဖွင့်လှစ်နိုင်မှု၊ ပန်းခင်းစီမံချက်နှင့် ဆက်စပ် လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ နယ်မြေအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ထပ်မံဖွဲ့စည်းနိုင်ဖို့ စည်းရုံးဆောင်ရွက်နိုင်မှုများအပေါ် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ သုံးသပ်ချက်အကြံပြုချက်များကို လစဉ်တင်ပြသွားရန် အကြောင်းကြားထားရှိပြီးဖြစ်သလို ဌာနဆိုင်ရာများမှလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  စိုက်ပျိုးရေးကဏ္ဍအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ နေကြာသီးနှံအနေနဲ့  ၂၀၂၁-၂၀၂၂ ခုနှစ်မှာ ခန့်မှန်းစိုက်ပျိုး ထွက်ရှိမှုအနေနဲ့စိုက်ပျိုးမှု ၆၀၁၁၈ ဧက၊ အထွက်နှုန်း ၁၆.၅၇ တင်း၊ အထွက်တင်း ၉၉၆၂၈၇ ရှိခဲ့ရာမှ ယခုနှစ်  ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ စိုက်ပျိုးမှု ၄၀၆၂၆၂ ဧက၊ အထွက်နှုန်း ၁၇.၉၂ တင်း၊ အထွက်တင်း ၈၃၅၅၂၄၆ တင်း စိုက်ပျိုးထွက်ရှိဖို့ မျှော်မှန်းထားပြီး (၂၅-၇-၂၀၂၂) ရက်နေ့အထိ ၂၄၆၉၉ ဧကသာ စိုက်ပျိုးပြီးဖြစ်တဲ့အတွက် လျာထားချက်များ ပြည့်မီရေးအစိုးရ၊ ကော်မတီဝင်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များအားလုံးက စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ကြဖို့ မှာကြား လိုကြောင်း၊  တည်‌ဆောက်ရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအဆင့် ဌာန/အဖွဲ့အစည်းများ အနေဖြင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်မည့် တည်ဆောက်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ဝန်ဆောင်မှုရယူခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ တင်ဒါလုပ်ငန်းစဉ်နဲ့ ငွေထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးနှင့် ပစ္စည်းဝယ်ယူမှု စိစစ်ရေး ကော်မတီမှ အတည်ပြုချက်ရယူပြီးတော့ လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန် စံညွှန်းပြည့်မီ ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်လုပ်ငန်းပြီးစီးရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  တက္ကသိုလ်၊ ကောလိပ်၊ သင်တန်း ကျောင်းများ၊ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတပ်နယ်နှင့် ရဲတပ်ဖွဲ့များသို့ ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ်(၇)ခုနှင့်အထက်ရရှိရေး မျှာ်မှန်းဆောင်ရွက်လျက်ရှိပြီး ပြေးခုန်ပစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊  မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်မှာ ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုဒေသ Property Zone အတွင်း ကျရောက်နေတဲ့ ကျေးရွာဟောင်းနှင့်ပတ်သက်ပြီး ကျေးရွာသစ် ထူထောင်နိုင်ရေး စိုက်ပျိုးမြေများ ဖော်ထုတ်ရေး၊ ကျူးကျော်ရှင်းလင်းရေး စသည့်ကိစ္စများ ဆောင်ရွက်ရန်အတွက် ကြီးကြပ်မှုဆပ်ကော် မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်သည့်အတွက် ကော်မတီဝင်များမှမိမိတို့လုပ်ငန်း တာဝန်များကို အလေးထားဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်းစသည်ဖြင့် ပြောကြား သည်။

ဆက်လက်၍  အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြမှုအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ်ဦးဝင်းမြင့်နှင့် အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးတင်ပြကြပြီး၊ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ လိုအပ် သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)