အမ်းမြို့ ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အမ်း ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှတပ်မ တော်သားများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များ၊ စုပေါင်း ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ပြည်သူများ ပါဝင်၍  ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးမင်းထွန်း