သံဖြူဇရပ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ်  ဇူလိုင် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့က အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ရုံးဌာနများအနေဖြင့် မိမိရုံးလုံခြုံရေးကို အလေးထားဆောင်ရွက်ကြစေရေး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးထိုးခြင်းလုပ်ငန်းများတွင် ကျန်ရှိမှုမရှိစေရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သေချာစိစစ်ပြီး ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေရေးနှင့် ရပ်ကွက်/ကျေးရွာများမှ မိုးစပါး စိုက်ပျိုးဧက ပြည့်မီနိုင်ရန်နှင့် မြေသြဇာများဝယ်ယူနိုင်ရေး၊ ၂၀၂၂ခု နှစ်၊ (၂၃)ကြိမ် မြောက်မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်ပြိုင်ပွဲ ကျင်းပ ရေးကော်မတီဖွဲ့စည်းထား ပြီ ဖြစ်၍ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအ နေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းနှင့်ဝန်းသန့်ရှင်းရေးများကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ကြရန် ပြောကြားပြီး ရေရှားပါးမှုမဖြစ်စေရန် အင်း၊အိုင်နှင့် ရေကန်များ ပြန်လည်တူးဖော်နိုင်ရန်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးက မိမိရုံးဌာနများအနေဖြင့် မိမိရုံး လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများမှပူးပေါင်း၍မြို့ဝင် ဂိတ်များတွင် စုပေါင်းစစ်ဆေးများ ပူးပေါင်း၍ အလေးထားဆောင်ရွက်ရန်နှင့် မိုင်းအသိ မိုင်းသတိရှိကြစေရေး ပြောကြားသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံ စံ(၆၆/၆) Sever ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် နည်းပညာအခက်ခဲများရှိသဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရေး ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူမှလည်း ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)