ဝက်လက်မြို့နယ်၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဝက်လက် ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးမျိုးအောင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ဝယ်ယူစားသောက်မည့် စားသောက်ကုန်များတွင်  ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်ညွှန်းအမှတ်အသားများ ကြည့်ရှုဝယ်ယူတတ်စေရေး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာအသိပညာ လက်ကမ်းစာစောင်များ ‌ဖြန့်ဝေပေးခဲ့သည်။ ‌အသိပညာပေးအခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူပေါင်း (၃၆၈) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဥမ္မာဝင်း(ဝက်လက်)