တောင်ငူ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ဘအမှတ် ၃ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်ရာ တောင်ငူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ဖြင့် ဆောင်ရွက်ကြသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
တောင်ငူ၌ အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်