မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများ၏အခွင့်အရေး အသိပညာပေး Talk Show ဆောင်ရွက်

မြောင်းမြ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မသန်စွမ်းသူများ၏ အခွင့်အရေး အသိပညာပေး Talk Show ကို  ယနေ့နေ့လယ်()နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများ၊ မသန်စွမ်းသူများအား ကူညီကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များ၊ မသန်စွမ်းသူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ အသက်မွေးဝမ်းကေျာင်း သင်တန်းများတွင် အကျုံးဝင် တက်ရောက်နိုင်ရေး၊  ဘဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများအပါအဝင် ကေျးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လေျာ့ချရေးလုပ်ငန်းများတွင် ရရှိထားသည့် အသိပညာ အတတ်ပညာနှင့် နည်းပညာများကို အသုံးချ၍ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။ 

မြောင်းမြခရိုင်(ပြန်/ဆက်)