မုံရွာ ဇူလိုင်၂၉
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (စစ်ကိုင်းတိုင်းရုံး) မုံရွာတို့ပူးပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝစေရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ရည်ရွယ်လျက် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ် ၂/၂၀၂၂ ကို ဖွင့်လှစ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပာယ်၊ ပြည်သူ့ဆက်ဆံရေး၏ သဘောသဘာဝများ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစဉ်များ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ ဆိုးကျိုးဖြစ်စေမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေး၏ရည်ရွယ်ချက်များ၊ ပြည်သူ့ဆက်ဆံရေးမှူးကောင်းတစ်ဦးတွင် ရှိသင့်သည့်အရည်အချင်းများစသည့်တို့ကို အသေးစိတ်ရှင်းလင်းပို့ချ ဆွေးနွေးပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လက်တွေ့လုပ်ငန်းနယ်ပယ်၌ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို အသုံးချဆောင်ရွက်ရမည့် နည်းလမ်းများကို သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးပြီး သင်တန်းသားများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက် နေ့အထိ ၅ ရက်ကြာပို့ချပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)