ကျောက်တံခါး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်က မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေးနဲ့ပတ်သက်သည့်အကြောင်းအရာများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့မှတပ်ဖွဲ့မှူး ဦးဆန်းလွင်က ကြက်ခြေနီအဖွဲ့ဖြစ်ပေါ်လာပုံနှင့် ကြက်ခြေနီ အဖွဲ့၏ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)