ဆိပ်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု၊ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းစိုက်ပျိုးဧရိယာအတွင်းမှ ရေပေးမြောင်းနှင့်ဝေးကွာသည့် စိုက်ဧကများအတွက် မိုဘိုင်းဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးနိုင်ရေး စမ်းသပ်ဆောင်ရွက်နေကြောင်းသိရသည်။
ဆိပ်ဖြူအောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်းစိုက်ပျိုးဧရိယာတွင် ၂၀၂၂ခုနှစ် မိုးသီးနှံ မိုးစပါး ၅၂၀ ဧက၊ အခြားသီးနှံ ၆၈၀ ဧက စုစုပေါင်းစိုက်ဧက ၁၂၀၀ ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများ၏ လူမှုဘဝမြင့်မားတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး မိသားစုဝင်ငွေများ တိုးတက်စေရေးတို့အတွက် တောင်သူတို့၏စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် စိုက်ပျိုးရေပြည့်ဝစွာရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး မိုးသီးနှံစိုက်တောင်သူများအတွက် မြစ်ရေတင်စီမံကိန်း ရေပေးမြောင်းနှင့်ဝေးသည့် စိုက်ဧကများ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ရေပေးမြောင်းနှင့် ရေတိမ်တွင်းတို့မှ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးရေပေးနိုင်ရေး စမ်းသပ်ဆောင်ရွက်နေကြောင်း၊ အဆိုပါ ဆိုလာရေတင်စနစ်ကို မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေရယူလိုသည့် တောင်သူများအနေဖြင့် မြစ်ရေတင်ရေပေးဝေရေး ကော်မတီမှတဆင့် ချိတ်ဆက်တင်ပြပြီး လျှပ်စစ်မြစ်ရေတင်မှ တာဝန်ရှိသူများက စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ တာဝန်ခံ အင်ဂျင်နီယာထံ၏ ပြောကြားချက်အရသိရသည်။
စိုးလင်းနိုင်(IPRD)