မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ) စတင်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များဖြစ်သော ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး၊ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်ခြင်းမရှိပဲ အဖွဲ့လိုက်စနစ်ဖြင့် အညီအမျှ ခွဲဝေဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးလုင်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)