ကျောက်ဖြူ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် ကျောက်ဖြူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုး မင်းထွဏ်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေသည့် အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက ကျောက်ဖြူမြို့နယ်တွင် Software Program စနစ်အတွင်းသို့ ထည့်သွင်းရမည့်ပုံစံ (၆၆/၆)အရေအတွက်မှာ (၃၉၇၀၉)စုရှိကြောင်း၊ ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများက ဇူလိုင် ၁၈ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် အိမ်ထောင်စု (၇၀၀)နှုန်းဖြင့် ပျမ်းမျှတွက်ချက်၍ ရက်ပေါင်း (၅၇)ရက်အတွင်း ပြီးစီးနိင်ရေး ခန့်မှန်း ဆောင်ရွက်ထားကြောင်းနှင့် လက်ရှိတွင် အင်တာနက်လိုင်း အခြေအနေများနှင့် လျှပ်စစ်မီး အခက်အခဲများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း