ဘိုကလေး ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် သဘာဝဘေးဒဏ်ခံ Shelter များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရေရရှိရေးနှင့် မိုးရေသိုလှောင်ကန်များ အမြန် ပြုပြင်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ဘိုကလေးမြို့နယ်အတွင်းမှ Shelter (၈)လုံး ပြုပြင် ဆောင်ရွက်ရန် မြို့နယ်၏ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တွက်ချက်တင်ပြဆောင်ရွက်ခဲ့ပြီး ယနေ့ မွန်းတည့် (၁၂)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကုန်ကျစရိတ်ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ Shelter တာဝန်ခံ များသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ပေးအပ်ရာတွင် Shelter များ၏ ရေလှောင်ကန်၊ ရေပိုက်၊ ထောက်တိုင်၊ ရေလှောင်ကန်အမိုး၊ မျက်နှာကျက်များ ပြုပြင်ရန်အတွက် ပေးအပ်ခြင်းဖြစ်ပြီး သာယာကုန်း Shelter အတွက် (၇၅၀၀၀၀)ကျပ်၊ ဇီးဖြူရွာမ Shelter အတွက် (၂၀၀၀၀၀)ကျပ်၊ စက်ဆန်း Shelter အတွက် (၆၀၀၀၀၀)ကျပ်၊ ကဿပေါင်း Shelter အတွက် (၂၀၀၀၀၀)ကျပ်၊ ထော်ပိုင် Shelter အတွက် (၆၀၀၀၀၀)ကျပ်၊ ကြက်ဖြူချောင်း Shelter အတွက် (၂၆၉၂၅၀၀)ကျပ်၊ လတာချောင်း Shelter အတွက် (၂၀၀၀၀၀)ကျပ်၊ ဓမင်းနောင် Shelter အတွက် (၁၈၁၈၁၀၀)ကျပ်၊ စုစုပေါင်းငွေ (၇၀၆၀၆၀၀)ကျပ်တို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)