ချောက်မြို့နယ်၌ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ ဝါဆိုသံဃာစာရင်း​ကောက်ယူ

ချောက် ဇူလိုင် ၂၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ ဝါဆိုသံဃာ (၁၈၁၈) ပါးနှင့် သီလရှင် (၁၇၅) ပါးရှိကြောင်း ဝါဆိုသံဃာစာရင်း​ကောက်ယူမှုပြီး​မှု စာရင်းအရ မြို့နယ်သာသနာ​ရေးရုံးမှ သိရသည်။

၁၃၈၄ ခုနှစ်​ ချောက်မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများနှင့် သီလရှင်​ကျောင်းများတွင် ဝါဆို၊ ဝါကပ် သီတင်းသုံး​တော်မူကြသည့်၊ ရဟန်း၊ သာမ​ဏေ၊ သီလရှင်များ၏ ဝါဆိုသံဃာစာရင်း​ကောက်ယူပြုစုနိုင်ရေးအတွက် ဇူလိုင်၁၇ရက်​နေ့တွင်ကျင်းပ​သော မြို့နယ်သံဃာနာယကအဖွဲ့ (၁၃) ပါး စုံညီဒုတိယအကြိမ် လပတ်အစည်းအ​ဝေးဆုံးဖြတ်ချက်အရ တိုက်နယ်တာဝန်ခံ ဆရာတော်များနှင့် မြို့​ပေါ်ရှိရပ်ကွက်သံဃာနာယကအဖွဲ့ ဆရာ​တော်များက​ကောက်ယူပြုစုခဲ့ရာ ဇူလိုင် ၂၈ ရက်​နေ့အပြီး​ကောက်ယူ၍ မြို့နယ်သံဃာနာယကအဖွဲ့ရုံးသို့ပြန်လည်​ပေးပို့ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ဝါဆိုသံဃာစာရင်းချုပ်မှာ မြို့​ပေါ်/တိုက်နယ် ရဟန်းသာမ​ဏေ ​ကျောင်းပေါင်း ၃၆၃ ​ကျောင်း၊ ရဟန်း ၈၉၇ ပါး၊ သာမ​ဏေ ၉၂၁ ပါး စုစု​ပေါင်း ၁၈၁၈ ပါးနှင့် သီလရှင်ကျောင်းပေါင်း (၂၇)​ ကျောင်း သီလရှင် စုစု​ပေါင်း ၁၇၅ ပါးရှိ​ကြောင်း မြို့နယ်သာသနာ​ရေးမှူးရုံးတာဝန်ရှိသူထံမှ သိသည်။

ကျော်မိုး(ပြန်/ဆက်)