ကသာမြို့၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကသာ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ခရိုင်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်ဆောင်ရွက်မှု အခြေအနေ၊ လေ့ကျင့်ပေးမှု အခြေအနေတို့ကိုလည်းကောင်း၊ စည်ပင်သာယာရေး ဦးစီးဌာနအနေဖြင့် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က ခရိုင်အဆင့်ပြိုင်ပွဲဝင်များနှင့် ရွေးချယ်ရေးအဖွဲ့တို့က လည်းကောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းတည့် (၁၂)နာရီအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)