အထက်မင်းလှ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ်၊ ဝါသီးနှံလျာထားချက်ပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးသန်းညွန့်မောင်က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ခုနှစ်၊ ဝါသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဝါသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးရန် ကျေးရွာအုပ်စု (၅၈)အုပ်စု၊ တောင်သူ(၄၆၉၀)ဦးမှ ချည်မျှင်ရွှေဝါစိုက်ပျိုးမည့် ဧက(မိုး) (၃၀၀)ဧက၊ မိုးနှောင်း(၂၂၀၀၀)ဧက၊ ဝါကြီး(၂၄၄၆)ဧက၊ စုစုပေါင်း(၂၄၇၄၆)ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)