ကျွန်းလှ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာ အသိအညာပေးဟောပြောပွဲကို ဇူလိုင် ၂၉ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်) ၌ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက အားကစား၏အဓိပ္ပါယ်၊ ယှဉ်ပြိုင်အားကစားနည်း၊ အပန်းဖြေအားကစားနည်း၊ ရိုးရာအားကစားနည်း၊ လူထုအားကစားနည်းများအကြောင်းနှင့် အားကစားလိုက်စားခြင်းဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားမှူးက ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားပြီး Myanmar Fitness Dance ဖြင့်သရုပ်ပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ