သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

သာပေါင်း ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိ ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင်လ၂၈ ရက်နေ့အထိ ကျေးရွာအုပ်စု(၅၁)၊ စိုက်ပျိုးဧက(၂၃၉၇၅)၊ တောင်သူ(၃၇၇၇)ဦး၊ ချေးငွေ(၃၅၉၆၂၅၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့သည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းအေးက တောင်သူ များအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေ များ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲ စေရေးတို့ကို ရှင်းလင်းအသိပညာ‌ပေးမှာကြားမှုများ ပြောကြားခဲ့ပြီး‌ မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ၂၈ ရက်နေ့အထိ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ  ကျေးရွာအုပ်စု(၅၁)၊ တောင်သူ(၃၇၇၇)ဦး အား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၂၃၉၇၅)ဧကအတွက် ကျပ်သိန်း သုံးသောင်းငါးထောင်ကိုးရာ ခြောက်ဆယ် နှစ်သိန်း ငါးသောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် လည်း ကြွေးကျန် များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက (၁၃၀၀၀)၊ ချေးငွေ(၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန် လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ် မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

မျိုးဇော်သိန်း